လားရှိုးနှင့် ကွမ်းလုံအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ရှစ်မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာ

လားရှိုးနှင့် ကွမ်းလုံအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ရှစ်မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာ
Published 13 November 2023

လားရှိုးနှင့် ကွမ်းလုံအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ရှစ်မြို့နယ်အား စစ်အုပ်ချုပ်ရေး (Martial Law) နယ်မြေများအဖြစ် သတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (နိုဝင်ဘာ ၁၂ ရက်) တွင် အမိန့်များ ထုတ်ပြန်သည်။