မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်အစ လေးလအတွင်းကုန်သွယ်မှု ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ (၁၄)သန်းနီးပါး လျော့ကျ

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်အစ လေးလအတွင်းကုန်သွယ်မှု ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ (၁၄)သန်းနီးပါး လျော့ကျ
Published 18 February 2019

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဘဏ္ဍာနှစ်သစ်အစဖြစ်တဲ့ (၂၀၁၈)ခုနှစ် အောက်တိုဘာလ(၁)ရက်မှ (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့အထိ လေးလတာကာလအတွင်း အမေရိကန်ဒေါ်လာ(၂၈၁.၆၅၂)သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူ ကထက် ဒေါ်လာ(၁၃.၉၂၂)သန်း လျော့ကျသွားခဲ့တယ်လို့ စီးပွားကူးသန်းဌာနမှ ထုတ်ပြန်သော ကုန်သွယ်မှုစာရင်းများအရ သိရပါတယ်။