ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနောက်ဘက်ရှိ ဆုတောင်းပြည့်တော်ရိုးပေါ်မှ ရုံးအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့
စက်တင်ဘာလ (၃) ရက်၊ ညနေ (၆) နာရီဝန်းကျင်ခန့်က မွန်ပြည်နယ်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းဘေး၊ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနောက်ဘက်မှာရှိတဲ့ ဆုတောင်းပြည့်တော်ရိုးပေါ်ကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရုံးအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောကြား ချက်တွေအရ သိရပါတယ်။