ဘီးလင်းမြို့နယ်တွင် စစ်ရေးတင်းမာမှုများရှိနေပြီး ကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ ၇၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ
သထုံခရိုင်ဘီးလင်းမြို့နယ်မှာ စစ်ရေးတင်းမာမှု ရှိနေပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ ၇၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဧပြီ ၂၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။