ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုထားသည့်အမှုအား အမိန့်ချရန် ဧပြီ ၂၇ ရက်နေ့သို့ ရွှေ့ဆိုင်း
ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရတယ်ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားတဲ့ ရာဇဝတ်ကြီး အမှုအမှတ်(၂)နှင့်ပတ်သက်ပြီး ယနေ့(ဧပြီ ၂၆ ရက်) ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းမရှိဘဲ ဧပြီ ၂၇ ရက်ကို ပြန်လည်ရွှေ့ဆိုင်းလိုက်ကြောင်း အမှုနှင့်ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းများအရ သိရပါတယ်။