ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းကို အဂတိဖြင့် ထောင်ဒဏ်ကိုးနှစ်နှင့် ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းအား အဂတိဖြင့် ထောင်ဒဏ် ၂၀ နှစ်ချမှတ်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသောင်းထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ကိုးနှစ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံမှ သိရပါတယ်။