ခေတ္တပိတ်ထားသော အထူးကုပြင်ပလူနာဌာနများ အပါအဝင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပဌာနအားလုံး ပုံမှန်အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကု ပြင်ပလူနာဌာနအချို့တွင် ပြီးခဲ့သည့်လက ဆရာဝန်ကြီးများ၊ ဆရာမများနှင့် ကျန်း မာရေးဝန်ထမ်းများ COVID-19 ရောဂါခံစားခဲ့ရသဖြင့် ယင်းဌာနများကို ခေတ္တပိတ်ထား ခဲ့ရာမှ ယခုအခါ ခေတ္တပိတ်ထားသော အထူး ကုပြင်ပလူနာဌာနများအပါအဝင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပဌာန အားလုံး ပုံမှန်အချိန်ဇယားအတိုင်း ပြန် လည်ဖွင့်လှစ်ထားကြောင်း မတ် ၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သတင်းထုတ် ပြန်ခဲ့ပါတယ်၊