ဘားအံမြို့၊ ကမ္ဘောဇဘဏ်ခွဲ ၁ ကျပ်သိန်း ၂၃၀၀ ကျော် ဓါးပြတိုက်ခံခဲ့ရ

ဘားအံမြို့၊ ကမ္ဘောဇဘဏ်ခွဲ ၁ ကျပ်သိန်း ၂၃၀၀ ကျော် ဓါးပြတိုက်ခံခဲ့ရ
Published 5 March 2022

ဘားအံမြို့၊ ကမ္ဘောဇဘဏ်ခွဲ ၁ ဓါးပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း ၂၃၀၀ ကျော်နှင့်လက်ကိုင်ဖုန်းများ၊ CCTV တပ်ဆင်ထားသည့် ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများ ယူဆောင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (၁) မှာ မတ်လ ၄ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း (၂၃၀၀) ကျော်နဲ့ လက်ကိုင်ဖုန်းတွေ၊ CCTV တပ်ဆင်ထားတဲ့ ကွန်ပြူတာနဲ့ ဆက်စပ် ပစ္စည်းတွေ ယူဆောင်သွားကြောင်း ဘဏ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။