မန္တလေးတွင် ပြောင်းပစ္စည်း လက်ကျန်နည်းပါးခြင်းကြောင့် ပဲဈေးနူန်းမြင့်တက်

မန္တလေးတွင် ပြောင်းပစ္စည်း လက်ကျန်နည်းပါးခြင်းကြောင့် ပဲဈေးနူန်းမြင့်တက်
Published 27 February 2022

မန္တလေး ပဲ၊ နှမ်း၊ ပြောင်းသီးနှံဈေးကွက်တွင် ပြောင်းပစ္စည်း လက်ကျန်နည်းပါးခြင်းကြောင့် ဈေးနူန်းမြင့်တက်နေပြီး တစ်ပတ် အတွင်း မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ အုပ်စုဝင်ပဲများ ဈေးပြန်တက် (ရုပ်သံ)

မန္တလေး ပဲ၊ နှမ်း၊ ပြောင်းသီးနှံဈေးကွက်မှာ ၅၄ ပိဿာဆံ့ ပြောင်းသုံးတင်းဝင်တစ်အိတ်ကို ကျပ် ၄၅၀၀၀ ကနေ ၄၆၀၀၀ ကြားအထိ ဈေးမြင့်တက်နေပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲအုပ်စုဝင်ပဲတွေ တစ်ပတ်အတွင်း ဈေးနှုန်းမြင့်တက်လာတယ်လို့ မန္တ လေးမြို့ပဲ ကုန်သည်တွေထံက သိရပါတယ်။