COVID-19 ဓာတ်ခွဲနမူနာ ၂၃၀၀၀ ကျော် အား စစ်ဆေးရာ လူနာသစ် ၂၄၀၂ ဦး တွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ လေးဦး ရှိ
ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီမှ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃၇၀၁ ခုအား စစ်ဆေးရာတွင် ဓာတ်ခွဲ အတည် ပြုလူနာသစ် ၂၄၀၂ ဦးရှိတွေ့ရှိပြီး ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းကျော်ရှိလာကာ လေးဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။