ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဒ်မ ၁၃၀-က ဖြင့် စွဲဆိုထားသည့်အမှုအား ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမည်
ရွေးကောက်ပွဲကော်မရှင်အား လွှမ်းမိုးခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-က ဖြင့် စွဲဆိုထားသည့်အမှုအား ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးရန် လျာထား
၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာသုံးပြီး လွှမ်းမိုးခြင်းကြောင့်ဆိုကာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးဟောင်းဦးမင်းသူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀-ကနဲ့ တရားစွဲထားတဲ့အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့ လျာထားကြောင်း အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။