ပူးပေါင်းဆောင်ရွက်မှု မပြုမချင်း မြန်မာအား အာဆီယံ အစည်းအဝေး မဖိတ်ကြားသင့်ဟု စင်ကာပူ ဝန်ကြီးချုပ်ပြော

ပူးပေါင်းဆောင်ရွက်မှု မပြုမချင်း မြန်မာအား အာဆီယံ အစည်းအဝေး မဖိတ်ကြားသင့်ဟု စင်ကာပူ ဝန်ကြီးချုပ်ပြော
Published 17 January 2022

အာဆီယံ သဘောတူညီချက်များကို ပူးပေါင်းဆောင်ရွက်မှု မပြုမချင်း မြန်မာအား အာဆီယံ အစည်းအဝေးများသို့ ဆက်လက် မဖိတ်ကြားသင့်ဟု စင်ကာပူ ဝန်ကြီးချုပ် ပြောကြား

အာဆီယံမှာ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာက ပူးပေါင်းဆောင်ရွက်မှု မပြုမချင်း အာဆီယံအနေနဲ့ မြန်မာကိုအာဆီယံအစည်းအဝေးတွေဆီ ဆက်လက်မဖိတ်ကြားသင့်ဘူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့တယ်လို့ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ကို စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာတင်းဌာနက ဖော်ပြခဲ့ပါတယ်။