ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွဲဆိုထားသည့်အမှုများအတွက် တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွဲဆိုထားသည့်အမှုများအတွက် တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေး
Published 8 January 2022

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ စီမံကိန်းများအတွက် မြေကွက်ရယူမှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွဲဆိုထားသည့်အမှုများအတွက် တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေး

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မယ့်စီမံကိန်းတွေအတွက် နေပြည်တော်မှာ မြေကွက်ရယူမှုတွေနဲ့ပတ်သက်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုတွေအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူနှစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။