ကျိုက်ထိုမြို့နယ်အတွင်းရှိ အ.ထ.က (ကင်မွန်းချောင်း) ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

ကျိုက်ထိုမြို့နယ်အတွင်းရှိ အ.ထ.က (ကင်မွန်းချောင်း) ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့
Published 6 January 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ အ.ထ.က (ကင်မွန်းချောင်း) ကျောင်းရှေ့မှာ ဇန်နဝါရီလ (၆) ရက် နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ကျောင်းသားမိဘတစ်ဦး နှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများရဲ့ ပြောကြားချက်များအရ သိရပါတယ်။