မော်တော်ယာဉ်တစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရသဖြင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံး

မော်တော်ယာဉ်တစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရသဖြင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံး
Published 1 December 2021

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက်က ဆိုင်ကယ်စီးနင်းလာတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခတ်ခံရကာ သေဆုံးခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်မှာ မော်တော်ယာဉ်တစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရကာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးမိုင်းစထိမှန် သေဆုံးခဲ့ကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှ စုံစမ်းသိရပါတယ်။