သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကော်မရှင်ဥက္ကဋ္ဌဟောင်းအပါ ၁၆ ဦးတို့အား အရေးယူ ဆောင်ရွက်လျက်ရှိ

သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကော်မရှင်ဥက္ကဋ္ဌဟောင်းအပါ ၁၆ ဦးတို့အား အရေးယူ ဆောင်ရွက်လျက်ရှိ
Published 16 November 2021

 

သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း အပါအဝင် ၁၆ ဦး တို့အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်

သမ္မတ ဦးဝင်းမြင့် ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်း အပါအဝင် ၁၆ ဦးတို့ကို နိုဝင်ဘာ ၁၅ ရက်က စတင်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် စပ်လျဉ်းတဲ့ တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်လျက် ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားကြောင်း နိုဝင်ဘာ ၁၅ ရက် ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြခဲ့ပါတယ်။