မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတားကို ချက်ချင်းပြန်လွှတ်ပေးရန် WAN-IFRA - ကမ္ဘာ့ အယ်ဒီတာများ ဖိုရမ် အပါအဝင် CPJ နှင့် RSF တို့က တောင်းဆို
မြန်မာနိုင်ငံတွင် စွဲချက်အများအပြားနှင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီးနောက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည့် Frontier Myanmar အွန်လိုင်းမဂ္ဂဇင်းမှ မန်နေဂျင်း အယ်ဒီတာ ဒန်နီဖန်စတာကို ချက်ချင်းပြန်လွှတ်ပေးရန် ကမ္ဘာ့သတင်းစာများနှင့် သတင်းထုတ် ဝေသူများအဖွဲ့ WAN-IFRA - ကမ္ဘာ့အယ်ဒီတာများဖိုရမ်နှင့် CPJ အပါအဝင် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF တို့က တောင်းဆိုခဲ့ပါတယ်။