ကျောင်းပြန်တက်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ ရှစ်သောင်းကျော်သာရှိ

ကျောင်းပြန်တက်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ ရှစ်သောင်းကျော်သာရှိ
Published 2 November 2021

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းအပ်နှံထားသူ ငါးသိန်းကျော်ရှိသည့်အနက်မှ ကျောင်းပြန်တက်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ ရှစ်သောင်းကျော်သာရှိ

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်နေ့၌ ကျောင်းအပ်နှံထားတဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေ ငါးသိန်းကျော်အနက်မှ ကျောင်းပြန်တက်တဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ ရှစ်သောင်းကျော်သာရှိကြောင်း နိုဝင်ဘာ ၂ ရက် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြမှုအရ သိရပါတယ်။