မွန်ပြည်နယ်၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသား/ သူ ၇၈၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမည်
မွန်ပြည်နယ်မှာ အသက် ၁၂ နှစ်ကနေ အသက် ၁၈ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသား/သူ ၇၈၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မှာ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စီစဉ်နေတယ်လို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။