တစ်လကျော်အတွင်း လာအိုနိုင်ငံမှ တာချီလိတ်မြို့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမား၂၈၈၀ ဦး ပြန်လည် ဝင်ရောက်လာပြီး ၎င်းတို့ထဲမှ ၂၅၀ ဦး COVID-19 ရောဂါ တွေ့ရှိထား
လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ် ရွှေတြိဂံအထူးစီးပွားရေးဇုံတွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး နေရပ်သို့ ပြန်လိုသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂၈၈၀ ဦးမှာ ဇူလိုင်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ တစ်လကျော်ကာလအတွင်း ၁၀ ကြိမ်ခွဲကာ ပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့ထဲမှ ၂၅၀ ဦးမှာ COVID-19 ရောဂါ တွေ့ရှိထားတယ်လို့ သိရသည်။