မိမိအား တိုင်ကြားထားမှုနှင့် ပတ်သက်၍ NLD ဗဟိုက အကြောင်းကြားမှု မရှိသေးကြောင်းနှင့် ဆွေမျိုးနီးစပ်သူများကို PSO ခန့်ထားခြင်း၊ လုပ်ပိုင်ခွင့်ပေးထားခြင်းမှာ လုံးဝမဟုတ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ပြောကြား
သူ့ကို တိုင်ကြားထားမှုနဲ့ ပတ်သက်ပြီး NLD ဗဟိုက အကြောင်းကြားမှု မရှိသေးကြောင်းနဲ့ သတင်းတွေမှာ ထွက်ပေါ်နေတဲ့ ဆွေမျိုးနီးစပ်သူကို PSO ခန့်ထားတာ၊ လုပ်ပိုင်ခွင့်ပေးထားတာဟာ လုံးဝမဟုတ်ဘူးလို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားခဲ့ပါတယ်။















