ပြည်တွင်းကူးစက်မှုများပြန်တွေ့လာသည့်အတွက် ဝူဟန်တစ်မြို့လုံးကို ကိုရိုနာဗိုင်းရပ်စ်စစ်ရန်ပြင်ဆင်နေ

ပြည်တွင်းကူးစက်မှုများပြန်တွေ့လာသည့်အတွက် ဝူဟန်တစ်မြို့လုံးကို ကိုရိုနာဗိုင်းရပ်စ်စစ်ရန်ပြင်ဆင်နေ
Published 3 August 2021

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တစ်နှစ်ကြာပျောက်နေခဲ့တဲ့ တရုတ်အလယ်ပိုင်းဝူဟန်မြို့မှာ ပြည်တွင်း ကူးစက်မှုအချို့ပြန်တွေ့လာပြီဖြစ်ကာ တစ်မြို့လုံးကို ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်တော့မယ်လို့ အာဏာပိုင်တွေက သြဂုတ်လ ၃ ရက်မှာကြေညာထားပါတယ်။