မူဆယ်မြို့တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၆၀၀ ကျော်ရှိလာချိန် ထပ်မံကူးစက်ခံလာရပါက အရေးပေါ်ကုသထားရှိနိုင်ရန် လူဦးရေ ၆၀၀ ဆံ့ Quarantine Centre အသစ်တိုးချဲ့ဆောင်ရွက်
မြန်မာ တရုတ် နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့တွင် COVID-19 ရောဂါ ကူးစက် ခံစားလာရသူ ၆၀၀ ကျော်ရှိလာချိန် ထပ်မံကူးစက်ခံလာရပါက အရေးပေါ်ကုသထားရှိနိုင်ရန် လူဦး ရေ ၆၀၀ ဆံ့ Quarantine Centre အသစ် တိုးချဲ့ ဆောင်ရွက်ထားကြောင်း မူဆယ်မြို့နယ် COVID-19 ကာကွယ် ကုသ ထိန်းချုပ်ရေးကော်မတီမှ သိရပါတယ်၊