ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာများ ရရှိ
ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးဝန်ထမ်းနှစ်ဦးနှင့် မီတာဆောင်သူခြောက်ဦး ထိခိုက် ဒဏ်ရာများ ရရှိ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးအတွင်း ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးဝန်ထမ်းနှစ်ဦးနဲ့ မီတာခလာရောက်ပေးဆောင်သူ ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်း လွဲ ၂ နာရီခွဲအထိ ကနဦးရရှိတဲ့ သတင်းတွေအရ သိရပါတယ်။