ရုံးပိတ်ရက် ဇူလိုင် ၁၇ မှ ၂၅ အတွင်း ဆိပ်ကမ်း၊လေဆိပ်၊ နယ်စပ်စခန်းများ ပုံမှန်အတိုင်းလုပ်ကိုင်မည်
အများပြည်သူရုံးပိတ်ရက်သတ်မှတ်ထားသော ဇူလိုင် ၁၇ မှ ၂၅ ရက်အတွင်း ဆိပ်ကမ်း၊လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များ ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်မည်
အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်ကာလအတွင်း ဆိပ်ကမ်း၊ လေဆိပ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပုံမှန်အတိုင်းဆက်လက်လုပ်ကိုင်မှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောပါတယ်။