ကိုဗစ် ကုသရေးဌာနများနှင့် ဆေးရုံများတွင် စာချုပ်စနစ်ဖြင့်ခန့်ထားမည့်ဆရာဝန်များအတွက်လျှောက်လွှာများစတင်ခေါ်ယူ
ကုသရေးဦးစီးဌာနရှိ ဆေးရုံတွေနဲ့ COVID-19 ကုသရေးဌာနတွေမှာ စာချုပ်စနစ်နဲ့ ခန့်ထားမယ့်ဆရာဝန်တွေအတွက် လျှောက်လွှာတွေစတင်ခေါ်ယူခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့နောက်ဆုံးထားပြီး တင်သွင်းနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။