မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု ရှိခြင်းကို မြင်တွေ့လိုပြီး ပဋိပက္ခ အဆုံးသတ်နိုင်ရေး နိုင်ငံတကာနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု ထိုင်းနိုင်ငံ ကတိပြု
မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ရှိတာကို မြင်တွေ့လိုတယ်လို့ ထိုင်းနိုင်ငံက ပြောကြားခဲ့ပြီး ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့အတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA စင်တာ) အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲအလုပ်လုပ် သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။