သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့၏ ပုဒ်မ ၅၀၅(ခ) အမှုနှင့်ပါတ်သက်၍ စွဲချက် တင်သင့်၊ မတင်သင့်အား ဇူလိုင်လ၂၇ရက်တွင် လျှောက်လဲချက်ပေးရမည်
သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် တရားလိုနှင့် လိုပြသက်သေများအား စစ်ဆေးပြီးခဲ့တာ ကြောင့် အမှုအား စွဲချက် တင်သင့်၊ မတင့်သင့်ကို လာမည့်(ဇူလိုင် ၂၇ ရက်)ရုံးချိန်းတွင် စွဲချက် လျှောက်လဲချက်ပေးရ မှာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။