မြန်မာနိုင်ငံဘက်သို့ အကြောင်းကြားမှု မရှိဘဲ ဝမ်တိန်၊ကျင်းစန်းကျော့နယ်စပ်ဂိတ်ပေါက် များကို တရုတ်နိုင်ငံဘက်မှ ယာယီပိတ်ခဲ့ မှုကြောင့် ကုန်သွယ်မှုများ ရပ်ဆိုင်းခဲ့
တရုတ် - မြန်မာနယ်စပ် နှစ်နိုင်ငံ ဝင်ထွက်ပေါက်များဖြစ်ကြသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ ဝမ်တိန်၊ကျင်းစန်းကျော့ နယ်စပ်ဂိတ်ပေါက် များအား တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံတာဝန်ရှိသူများထံ အသိပေးခြင်းမရှိဘဲ ဇူလိုင် ၈ ရက်နေ့ မွန်တည့် ၁၂ နာရီတွင် တရုတ်ဘက်က ယာယီပိတ်ခဲ့ တယ်လို့ သိရပါတယ်