အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာပြီးနောက် အရေးပေါ် ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများ ချမှတ်
နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် ဝန်ပိလာစေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာမှုကို ထိန်းချုပ်ဖို့အတွက် အရေးပေါ် ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံတွေကို ဇူလိုင် ၂၀ ရက်နေ့အထိ ချမှတ်သွားမယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ဇူလိုင် ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။