အဂတိလိုက်စားသည့် အရာရှိများကို ဖော်ထုတ်ပေးရန် ဖိလစ်ပိုင်သမ္မတက မန်နီပက်ကွီယိုကို စိန်ခေါ်တောင်းဆို
လက်ဝှေ့ အကျော်အမော်အဖြစ်ကနေ လွှတ်တော်အမတ်ဖြစ်လာသူ မန်နီပက်ကွီယိုအနေနဲ့ နောက်နှစ် သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်တာ မဟုတ်ကြောင်းကို သက်သေပြတဲ့အနေနဲ့ အကျင့်ပျက်တယ်ဆိုတဲ့ အစိုးရအရာရှိတွေကို နာမည်ဖော်ထုတ်သင့်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဇွန် ၂၈ ရက်မှာ စိန်ခေါ် ပြောဆိုလိုက်ပါတယ်။