Apple Daily သတင်းစာတိုက်၏ဒါရိုက်တာငါးဦးကိုဟောင်ကောင်အမျိုးသားလုံခြုံရေးရဲကဖမ်းဆီးကာသတင်းအချက်အလက်မှတ်တမ်းများကိုသိမ်းဆည်း
ပထမဆုံးအကြိမ်အဖြစ် သတင်းအချက်အလက်မှတ်တမ်းတွေကိုသိမ်းဆည်းတဲ့ ဝရမ်းနဲ့အတူဒီမိုကရေစီလိုလားတဲ့ Apple Dailyနေ့စဉ်သတင်းစာရဲ့ဒါရိုက်တာငါးဦးကို ဇွန်၁၇ရက်မှာဟောင်ကောင် ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာဖြစ်လို့ဒါဟာသတင်းစာတိုက်ပိုင်ရှင်လည်းဖြစ် ပေကျင်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်နေသူလည်းဖြစ်တဲ့ ဂျင်မီလိုင်းအတွက် နောက်ဆုံးထိုးနှက်ချက်ဖြစ်လာပါတယ်။