ကပ်ရောဂါနှင့် တိုင်ဖွန်းမုန်တိုင်းများကြောင့် မြောက်ကိုရီးယားသည် စားနပ်ရိက္ခာ ကျပ်တည်းနေသည်ဟု ခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား

ကပ်ရောဂါနှင့် တိုင်ဖွန်းမုန်တိုင်းများကြောင့် မြောက်ကိုရီးယားသည် စားနပ်ရိက္ခာ ကျပ်တည်းနေသည်ဟု ခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား
Published 17 June 2021

နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ်မှာ တိုးတက်ခဲ့တယ် ဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ မနှစ်က တိုင်ဖွန်းမုန်တိုင်းတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စားနပ်ရိက္ခာ ကျပ်တည်းမှု အခြေအနေကို ဖြေရှင်းဖို့ အစီအမံတွေ လုပ်ဆောင်ရမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဆော်သြခဲ့တယ်လို့ ဇွန် ၁၆ ရက်မှာ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။