မြန်မာ့အရေးအကျပ်အတည်းကို ဦးဆောင်ဖြေရှင်းရန်ကြိုးပမ်းနေသည့် အာဆီယံနှင့် တရုတ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နိုင်ငံတွင် နှစ်ရက်ကြာပြုလုပ်မည်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ လူကိုယ်တိုင်တွေ့ဆုံမည့်အစည်းအဝေးကို မကြာမီ ပြုလုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားတယ်လို့ BenarNews သတင်းဌာနက ဖော်ပြထားပါတယ်။