သေနတ်သမားများ၏ လုပ်ကြံမှုအတွင်း ယူဂန္ဓာ အစိုးရဝန်ကြီး ဒဏ်ရာရခဲ့ကာ ၎င်း၏သမီးနှင့် ယာဉ်မောင်းဖြစ်သူ သေဆုံး
ဇွန် ၁ ရက်က ယူဂန္ဓာစစ်တပ်ရဲ့ တပ်မှူးဟောင်းနဲ့ လက်ရှိ ပို့ဆောင်ရေးဝန်ကြီး ဖြစ်သူကို သေနတ်သမားတွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုအတွင်း ၎င်းမှာဒဏ်ရာရရှိခဲ့ပြီး ၎င်းရဲ့သမီးဖြစ်သူနဲ့ ယာဉ်မောင်းတို့ သေဆုံးခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရနဲ့ ပြည်တွင်း မီဒီယာတွေရဲ့အဆိုအရ သိရပါတယ်။