မဲစာရင်း စိစစ်ပြီးလျှင် NLD ပါတီအား ဖျက်သိမ်းရန် စဉ်းစားမည်ဟု UEC ဥက္ကဋ္ဌ ပြောကြား

မဲစာရင်း စိစစ်ပြီးလျှင် NLD ပါတီအား ဖျက်သိမ်းရန် စဉ်းစားမည်ဟု UEC ဥက္ကဋ္ဌ ပြောကြား
Published 21 May 2021

မဲစာရင်းများ စစ်ဆေးပြီးစီးပါက ဥပဒေနှင့်မညီ ဆောင်ရွက်ခဲ့သည့် NLD ပါတီအား ဖျက်သိမ်းရန်နှင့် ဆောင်ရွက် ခဲ့သူများကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် စဉ်းစားရမည်ဟု UEC ဥက္ကဋ္ဌ ပြောကြာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းများ စစ်ဆေးပြီးစီးပါက ဥပဒေနှင့်မညီ ဆောင်ရွက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ဖျက်သိမ်းရန်၊ ဆောင်ရွက်ခဲ့သူများကို နိုင်ငံတော် သစ္စာဖောက် အဖြစ် အရေးယူရန် စဉ်းစားဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားပါတယ်။