ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမိန့်အရ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏အမှုအား နေပြည်တော် အချုပ် ထောင်အနီးရှိ သီးသန့်တရားရုံးတွင် လာမည့်ရုံးချိန်းတွင် စတင်စစ်ဆေးမည်
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာ ပတိအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ အမှုနဲ့ပတ်သက်ပြီး နေပြည်တော်အချုပ်ထောင်အနီးက သီးသန့်တရားရုံးမှာ တရားလိုကို စတင်စစ် ဆေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချထားတာကြောင့် လာမယ့်ရုံးချိန်းမှာ အချုပ်ထောင်မှာ စတင်စစ်ဆေးမ မယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။