နေ့အပူချိန် မြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့ သောက်သုံးရေအခက်အခဲနှင့် နွားစာအခက်အခဲများကြုံတွေ့
ယခင်နှစ်က မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး မတ်လအတွင်းမှစ၍ ယခု ဧပြီလကုန်ပိုင်းအထိ နေ့အပူချိန် မြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့ သောက်သုံးရေအခက်အခဲနှင့် နွားစာအခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရပါတယ်၊