ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျာကာတာသို့ သွားရောက်မည်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျာကာတာသို့ သွားရောက်မည်
Published 22 April 2021

မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အာဆီယံ အဆင့်မြင့်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျာကာတာသို့ သွားရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂနာ ဟာ မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အာဆီယံနိုင်ငံတွေရဲ့ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဧပြီ ၂၂ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို သွားရောက်မှာ ဖြစ်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးဦးရဲ့ အဆိုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။