ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ်မတော်က ဒေါ်လာ ၁၅ သန်းဝန်းကျင် တန်ဖိုးရှိ ရုရှားလုပ် ရေဒါကိရိယာများ တင်သွင်းခဲ့
ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ်မတော်ဟာ ဒေါ်လာ ၁၄.၇ သန်းဖိုးရှိတဲ့ ရုရှားလုပ် ရေဒါကိရိယာတွေကို တင်သွင်းမှာယူခဲ့တယ်လို့ ဧပြီလ ၁၉ ရက်မှာ ရုရှားအကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး မော်စကိုတိုင်းမ်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။