ယူနန်အစိုးရဘက်မှ COVID-19 ရောဂါ အကြောင်းပြ၍ ကုန်တင်ယာဉ်ဝင်ထွက်မှု စည်းကမ်းများ ထုတ်ပြန်မှုကြောင့် တရုတ် သစ်သီးဈေးကွက်ကို အားကိုးရောင်းဝယ်နေသည့် မြန်မာတောင်သူများ ဆုံးရှုံးနစ်နာနေ
ယူနန်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ကုန်တင်ယာဉ်ဝင်ထွက်မှု စည်းကမ်းတွေကို ဧပြီ ၁၉ ရက်က ထုတ်ပြန်ခဲ့ပြီး တင်းကြပ်တဲ့ စည်းကမ်းတွေကြောင့် တရုတ်သစ်သီးဈေးကွက်ကို အားကိုးရောင်းဝယ်နေတဲ့ သစ်သီးစိုက်ပျိုး တောင်သူတွေ ဆုံးရှုံးနစ်နာနေတယ်လို့ သိရပါတယ်။