မော်လမြိုင်မြို့ တွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်များကို ဝင်တိုက်မိရာမှ နှစ်ဦး သေဆုံး

မော်လမြိုင်မြို့ တွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်များကို ဝင်တိုက်မိရာမှ နှစ်ဦး သေဆုံး
Published 19 April 2021

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဆန်တန်းရပ်၊ ကျိုက္ခမီလမ်းမပေါ်၌ ယနေ့ (ဧပြီ ၁၈) ရက်၊ ညနေ ၅ နာရီခန့်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်များအား ဝင်ရောက်တိုက်မိရာမှ မြေးအဖိုးနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။