ဧပြီ၂၄ရက်တွင် ဂျာကာတာ၌ကျင်းပမည့် မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်
မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ကြီးအတွက် အားစမ်းမှုတစ်ခုလို လူအများစုက ရှုမြင်ထားကြတဲ့ အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ တာနီးဆန်ဂရတ်ကပြောကြားကြောင်း ထိုင်းသတင်းဌာနတွေက ဖော် ပြခဲ့ပါတယ်။