ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ပတ်ကြာ ကွာရန်တင်း ဝင်နေရ

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ပတ်ကြာ ကွာရန်တင်း ဝင်နေရ
Published 11 April 2021

မြန်မာ့အရေးအတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ပတ်ကြာ ကွာရန်တင်း ဝင်နေရ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂနာ ဟာ မြန်မာ့အရေးကို သံတမန်နည်းအရ ဖြေရှင်းနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းတဲ့အနေနဲ့ သူမရဲ့ အာရှခရီးစဉ်ကို စတင်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။