အခေါက်ရွှေတစ်ကျပ်သားကျပ် ၁၄ သိန်းကျော်အထိ မြင့်တက်လာပြီး ရန်ကုန်ဈေးကွက်တွင် တနေ့လျှင် ရွှေချိန် ၅ ပိဿာမှ ၁၀ ပိဿာ အတွင်းသာ အရောင်းအဝယ်ဖြစ်
ပြည်တွင်းအခေါက်ရွှေဈေး ဧပြီလ ၇ ရက်နေ့မှာ တစ်ကျပ်သား ကျပ် ၁၄ သိန်း ကျော်လာခဲ့ပြီး ရန်ကုန်တိုင်း ရွှေဈေးကွက်အတွင်းမှာ တနေ့ကို ရွှေချိန် ၅ ပိဿာကနေ ၁၀ ပိဿာကြားသာ အရောင်းအဝယ်ရှိတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သိရပါတယ်။