အင်ဒိုနီးရှားရှိ ဘုရားကျောင်းတစ်ခု အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၄ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားရှိ ဘုရားကျောင်းတစ်ခု အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၄ ဦး ဒဏ်ရာရ
Published 29 March 2021

အင်ဒိုနီးရှားနိုင်ငံရှိ ဘုရားကျောင်းတစ်ခု အပြင်ဘက်တွင် အသေခံဖောက်ခွဲမှုဟု ယူဆရသည့် ဗုံးပေါက်ကွဲမှုကြောင့် ၁၄ ဦး ဒဏ်ရာရ

မတ် ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံ မာကတ်ဆာမြို့ရှိ ကက်သလစ် ဘုရားကျောင်းတစ်ခုရဲ့ အပြင်ဘက်မှာ အသေခံ ဗုံးဖောက်ခွဲသူလို့ ယူဆရသူ နှစ်ဦးရဲ့ ဖောက်ခွဲမှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရခဲ့ပြီး ဖောက်ခွဲရေးသမားလို့ ယူဆရသူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။