ခင်ဦးမြို့ ပစ်ခတ်မှုအတွင်း အမျိုးသားသုံးဦး သေနတ်ကျည်ထိမှန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ မတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်က တပ်မတော် နှင့် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအတွင်း အမျိုးသားသုံးဦး ခြေထောက်နှင့်လက်တို့မှာ သေနတ်ကျည် ထိမှန်ခဲ့တယ်လို့ ကနဦး သတင်းအရ သိရပါတယ်။