ရပ်ရှ်ဖို့ဒ်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ပရဟိတစိတ်ဓာတ်

ရပ်ရှ်ဖို့ဒ်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ပရဟိတစိတ်ဓာတ်
Published 13 March 2021

ရပ်ရှ်ဖို့ဒ်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ပရဟိတစိတ်ဓာတ်

အင်္ဂလန်လူငယ်အများစုဟာ ဘောလုံးလောကထဲ ခပ်မြန်မြန်ကျော်ကြားပြီး ကျော်ကြားမှုနောက်ဆက်တွဲဒဏ်ကို မခံနိုင်ဘဲ အရက်၊ မိန်းမနဲ့ လောင်းကစားနွံထဲနစ်မွန်းကာ ပျက်စီးသွားတတ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ကတော့ တမူထူးခြားစွာပဲ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ရင်း အကျိုးရှိစွာ ဖြတ်သန်းနေပါတယ်။ သူ့ရဲ့ပတ်ဝန်းကျင်နဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ရပ်ရှ်ဖို့ဒ်ဟာ ကိုယ်ကျိူးမဖက်ဘဲ ချီတက်နေသူပါပဲ။