အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံမှ ပရောဂျက်များအတွက် ငွေကြေးထောက်ပံ့မှု ဆိုင်းငံ့
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်-ADB က မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပရောဂျက် စီမံကိန်းတွေအတွက် ငွေကြေးထောက်ပံ့နေမှုကို ယာယီရပ်ဆိုင်းကြောင်း မကြာသေးခင်က ကြေညာလိုက်ပါတယ်။