၂၅ ရက်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြမှုအပါအဝင်အကြမ်းဖက်ခံရသဖြင့် သေဆုံးသူ ရှစ်ဦး၊ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချခံရသူ ၇၄၈ ဦးရှိလာ
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ရက်ကနေ ၂၅ရက် အထိ ၂၅ ရက်တာကာလမှာ ငြိမ်းချမ်းစွာဆန္ဒပြမှု အပါအဝင်အကြမ်းဖက်ခံရပြီး သေဆုံးသူ ၈ ဦးအထိရှိလာပြီး ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၇၄၈) ဦးအထိရှိတယ်လို့ သိရပါတယ်။